လက်ပံတန်း  ၂၉  ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် စိုက်ပျိုးရေး သုတေသနခြံသို့ ယနေ့နံနက်ပိုင်းက ပဲခူးခရိုင် အကျိုးဆောင် တောင်သူဖွံ့ဖြိုး တိုးတက်ရေး သင်တန်းသားများမှ လေ့လာရေး လာရောက်ခဲ့ကြောင်း သိရသည်။

   

အဆိုပါလေ့လာရေးလာ သင်တန်းသားသင်တန်းသူများကို လက်ပံတန်း စိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ ဒေါ်လေဘာတီတင်က ခြံ၏ရည်ရွယ်ချက်၊ တာဝန်များ၊ အဓိက စိုက်ပျိုးသည့် သီးနှံများအကြောင်းနှင့် ခြံ၏အဓိက လုပ်ငန်းဖြစ်သည့်  အရည်အသွေး ပြည့်မီသော စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းနှင့် သုနေသနလုပ်ငန်းများ အကြောင်းကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

   

ဆက်လက်၍ အကျိုးဆောင် တောင်သူဖွံ့ဖြို့တိုးတက်ရေး သင်တန်းသား၊ သင်တန်းသူများက စိုက်ပျိုးထားသော သုတေသန စိုက်ကွက်များတွင် လက်တွေ့လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး