သံတွဲ ၂၉ ဩဂုတ်
သံတွဲမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဒွါရာဝတီမြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ COVID-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဩဂုတ် (၂၈)ရက် ည(၈)နာရီက မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သားစိမ်း၊ ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်များ ရောင်းသည့် ဈေးဆိုင် တန်းများကိုလည်းကောင်း၊ အခြေခံစားသောက်ကုန်များရောင်းချသည့် ဈေးဆိုင်ခန်းများနှင့်အထည်ဆိုင်ခန်း များကို ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


