ရန်ကုန် ၂၉ ဩဂုတ်

COVID-19 ရောဂါကူးစက်မှုဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်တွင်ရှိသော stay at home သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သူပြည်သူများ လိုအပ်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ဝယ်ယူထားသည့် အရေးပေါ်ရိက္ခာများမှ ဆန်တန်ချိန် (၂၅၀)နှင့် စားအုန်းဆီတန်ချိန် (၂၅၀) ကို  ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ချောင်းဝဆိပ်ကမ်းမှ ရွှေသီဖြိုးရေယာဉ်ဖြင့် သယ်ဆောင်ကာ ရခိုင်ပြည်နယ်သို့ ထွက်ခွာသွားကြောင်း သိရသည်။


#MRTV