နေပြည်တော် ၂၉ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်မနား- တောင်ပြင်ငယ်ကျေးရွာချင်းဆက်လမ်း၊ ရွာမမြောက်ဘက်ကျေးရွာအနီးတွင် ဩဂုတ်လ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် ယာဉ် ၁ စီး တိမ်း မှောက်မှုဖြစ်ပွား၍ ၄ ဦးသေ၊ ၁၁ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝင်မနားကျေးရွာဘက်မှ တောင်ပြင်ငယ်ကျေးရွာဘက်သို့ ထောက်ကြံ့အိုင်ကျေးရွာနေ ကျော်ဇင်လင်း(ခ)ငလင်း (၃၅)နှစ်မောင်းနှင်ပြီး ရေဦးမြို့နယ်၊ တောင်ပြင်ငယ် ကျေးရွာနေ ဦးခင်မောင်မြင့် (၇၃)နှစ်ပါ(၁၄)ဦး လိုက်ပါလာသော 6B/xxxxCondor (၆)ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်မြေနိမ့်ပိုင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဦးခင်မောင်မြင့်ပါ(၄)ဦးတွင် ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာနေ အိမြတ်မွန်(၁၆)နှစ်ပါ (၁၀)ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်ဇင်လင်း(ခ)ငလင်းမှာ ထွက်ပြေး သွား ကြောင်း သိရသည်။
ရဲပြန်ကြား


