နေပြည်တော် ၂၉  ဩဂုတ် 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊မိုင် (၁၃၈/၆-၁၃၈/၇) အကြားရှိ ဖုန်အင်တံတားသည် တန်ပိုယာဉ် ဖြတ်သန်းမှုကြောင့် ဩဂုတ် ၂၁ ရက်တွင် ကျိုးကျပျက်စီးခဲ့ရာမှ ပြန်လည်ပြုပြင်ခဲ့ရာ ယနေ့(၁၅)တန်အောက် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပျက်စီးသွားသော ဖုန်အင်တံတား၏ တံတားအလယ်ခန်း ပေ (၁၀၀) အား ဆောက်လုပ်ရေးဝန်ကြီဌာန တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့ (၁) မှ လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရန် ဩဂုတ် ၂၁ ရက်နေ့တွင် တံတား၏အလယ်ခန်း ပေ (၁၀၀) အား Triple/ Single(T/S) ဘေလီတံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက် ခဲ့ပြီး တစ်ချိန်တည်းမှာပင် လမ်းဦးစီးဌာနမှ တံတားအောက် အဆင်းလမ်းအား  လူအင်အား စက်အင်အားဖြင့် ပြင်ဆင်ပြီးကူးတို့လှေ (၂) စီးဖြင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်စေရန် ကုန်ပစ္စည်းများနှင့် ခရီးသည်များ ပို့ဆောင်ပေးခဲ့သည်။

 

ဩဂုတ် ၂၈ ရက်တွင် P1-P2 အကြားရှိ ပေ (၁၀၀) အရှည် Triple/ Single(T/S) ဘေလီတည်ဆောက်ခြင်းလုပ်ငန်းများ (၁၀၀ရာခိုင်နှုန်း) ဆောင်ရွက်ပြီးဖြစ်၍ ည ၈နာရီ တွင် ယာဉ်ငယ်များအား ဦးစွာဖြတ်သန်းခွင့်ပြုပြီး ယနေ့တွင် ဘေလီဘောင် (Chord Reinforcement) အားဖြည့် တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီးနောက် (၁၅)တန်အောက် ကုန်တင်ယာဉ်များအား ဆက်လက်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်