ကော့ကရိတ် ၂၉ ဩဂုတ် 


ကရင်ပြည်နယ်အတွင်း ငါးသယံဇာတတိုးပွါးလာစေရေး၊ ငါးမျိုးထိန်းသိမ်းနိုင်ရေး၊ ရေရှည် စဉ်ဆက်မပြတ် ငါးစားသုံးနိုင်ရေးတို့အတွက် ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကော့ကရိတ်မြို့နယ် ကျုံဒိုး-ချောင်းဖျားကားလမ်းအနီး ချောင်းဖျားကျေးရွာအဝင်တံတား၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ချောင်းဖျားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိ ရပ်ဖ တက်ရောက်ခဲ့ကြပြီး ငါးခုံးမကြီးသားပေါက်ကောင်ရေ(၂၀၀၀၀၀)အား မျိုးစိုက်ထည့်ခဲ့ ကြောင်းသိရသည်။ 


သတင်းစဉ်