မိုးနဲ ၂၉ ဩဂုတ်
ပြည်သူလူထု ငါးစားသုံးမှုဖူလုံစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ငါးမွေးမြူခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ စပါးခင်းများအတွင်း ငါးမျိုးစိုက် ထည့်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်၊ လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ မိုးနဲမြို့နယ်အတွင်းရှိ စပါးခင်း ဧရိယာ ၇၅ ဧက အတွင်းသို့ ညောင်ရွှေငါးလုပ်ငန်းစခန်းမှ သားဖေါက်ထားသော ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၂၅၀၀၀)၊ ငါးမြစ်ချင်းသားပေါက် ကောင်ရေ(၁၂၅၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၇၅၀၀)အား မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လင်းခေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်စုရည်ဝင်းနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများမှ စုပေါင်း၍ စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


