ကန်ကြီးထောင့် ၂၉ ဩဂုတ်

 

ကန်ကြီးထောင့်မြို့နယ် စပါးခင်းဧရိယာ(၂၀၇)ဧကအတွင်း ရွှေဝါငါးကြင်း ကောင်ရေ ၅၀၀၀၀ ၊ ငါးခုံးမကြီးကောင်ရေ ၅၃၅၀၀၊ စုစုပေါင်း ကောင်ရေ ၁၀၃၅၀၀ စိုက်ထည့်ခြင်းအခမ်းအနား ကို ယမန်နေ့က ကန်ကြီးထောင်မြို့နယ်၊ ဝါးဒူးကျေးရွာ၊ ဦးနေစိုး၏လယ်တွင် ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်း‌ဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသော်ထွန်းဦး၊ ခရိုင်ဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးသိန်းနှင့်ဝန်ထမ်းများ၊ စခန်းတာဝန်ခံဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်