မြဝတီ   ၂၉   ဩဂုတ် 

 

ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူဦးစီးဌာန၊ မြဝတီရုံးခွဲ၏ စီစဉ်ကြီးကြပ်မှု၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိအသင်းအဖွဲ့၏ ပူးပေါင်းပါဝင်မှုတို့နှင့် Covid-19 Relief Package -1 ခရီးသွားလုပ်ငန်း အခြေခံပညာသတင်းတန်းကို မြဝတီမြို့ ငွေစင်္ကြာဟိုတယ်-၂ တွင် သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်လှစ်ပွဲတွင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဟယ်နီစီုးက အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြဝတီရုံးခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့၏ ဌာနအမည်နှင့် လုပ်ငန်းဆောင်ရွက်မှုကို သင်တန်းသူသင်တန်းသားများအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခ ရီးသွား ညွှန်ကြားမှုဦးစီးဌာန မြဝတီခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က “ကိုဗစ်-၁၉ Relief Package -1  ခရီးသွားလုပ်ငန်း အခြေခံသင်တန်းကို ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ၈ ရက်ကြာသင် တန်းပို့ချပေးသွားမယ်၊ တက်ရောက်တဲ့ သင်တန်းသူ သင်တန်းသားတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့  လမ်းညွှန်ချက်များနှင့်အညီ လိုက်နာပြီးတော့၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့လည်း  သင်တန်းတက်ရောက်တဲ့သူတွေကို  ၁ ရက် ၄၈၀၀ ကျပ်နှုန်းနဲ့ထောက်ပံ့ပေးတယ်၊ သင်တန်းပို့ချပေးတဲ့ဆရာ ဆရာမတွေကို ၁ ရက်မှာ ၁၀၀၀၀ ကျပ်နှုန်းနဲ့ ချီးမြှင့်ပေးတာတွေ လုပ်ပေးပါတယ်၊ သင်တန်းပို့ချမယ့် ဘာသာရပ်တွေက  အခြေခံအင်္ဂလိပ်စကားတွေ၊ အခြေခံထိုင်း ဘာသာစကားတွေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဗဟု သုတတွေ၊ ရှေးဦးသူနာပြုသင်ခန်းစာ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ခရီးသည် လုံခြုံရေးဝန်ဆောင်မှုများစတဲ့ သင်ခန်းစာများ ပါဝင်တယ်”ဟု ပြောကြားခဲ့သည်။

 

ဆက်လက်ပြီးတော့ မြဝတီခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက သင်တန်းသူသင်တန်းသားများကို ဆက်လက်၍ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်