နေပြည်တော် ၂၉ ဩဂုတ်
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၉၀ ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၇၃၃ ဦးရှိသွားပြီဖြစ်ပြီး ပိုးတွေ့ရှိသူ ၉၀ မှာ ပြည်ပသို့ ခရီးသွား ရာဇဝင်မရှိသူများဖြစ်ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူ ၇၃၃ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၅၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၄၇ ဦးနှင့် ဩဂုတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၂၉ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၅၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်


