ကျောင်းကုန်း ၃၀ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်းမတပ်ဆင်သူများအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ယနေ့နံနက် ၈ နာရီက ကျောင်းကုန်းမြို့ဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

 

ကျောင်းကုန်းမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းအဖွဲ့က နှာခေါင်းစည်းမတပ်သူ ၅ ဦးအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)