ရေကြည် ၃၀ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၈ နာရီက နှာခေါင်းစည်းမတပ်သူများအား ယခုဝယ်ယခုတပ် အစီအစဉ်ဖြင့် ဒဏ်တပ်အရေးယူခဲ့ကြောင်း သိရသည်။

 

လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေး လမ်းဆုံလမ်းခွများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် Mask များ တပ်ဆင်စေရန်အတွက် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွှန့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များက လိုက်လံစစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)

 

mdn