ကျောင်းကုန်း ၃၀ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ယနေ့နံနက် ၈ နာရီအချိန် ကျောင်းကုန်းမြို့ဝင် လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း မတပ်သူ(၅)ဦးအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


