ညောင်တုန်း ၃၀ ဩဂုတ်
ညောင်တုန်းမြို့နယ် အနာဂတ်လမ်းလူငယ်ကွန်ရက် (Road Of Future Youth Network) နှင့် နာရေးကူညီမှုအသင်း (ညောင်တုန်း)တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု မရှိစေရေး၊ ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် အသိပညာပေး နှိုးဆော်ခြင်း၊ (Mask) နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ခရီးသွားပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဝေငှခြင်း၊ နှာခေါင်းစည်း မပါရှိသူများအား တပ်ဆင်ပေးခြင်း လုပ်ငန်းများအား ဩဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့မလမ်းမတော်လမ်း တစ်လျှောက်၊ လူစည်ကားရာနေရာများ၊ စည်ပင်သာယာမြို့မစျေးကြီး၊ စျေရောင်း၊ စျေးဝယ်သူများ၊ (၈)လမ်းစျေးထိပ် လူစည်ကားရာ နေရာများနှင့် ရန်ကုန်-ညောင်တုန်း အဝေးလမ်းတစ်လျှောက် ခရီးသွားပြည်သူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်၊၊
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပူးပေါင်း၍ အများပြည်သူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအား ပြည်သူလူထုသိရှိနိုင်စေရန် အသံချဲ့စက်များဖြင့် ဟောပြောအသိပညာပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါကူးစက်နိုင်စေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါနည်းလမ်းများ၊ လက်ဆေးခြင်းနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား အသေးစိတ်အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ကြသည်၊၊
အဆိုပါ ကိုရိုနာဗိုင်းရပ်စ် (COVId-19) ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေး နည်း လမ်းများ ဆောင်ရွက်ခြင်းတို့ကို ကျေးလက်တောရွာများပါမကျန် အသိပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ထွန်းကျော်(ညောင်တုန်း)


