ချင်းရွှေဟော် ၃၀ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား တိုင်းဒေသကြီး/ ပြည်နယ်များသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ် ၂၉ ရက်နေ့ ညနေ ၆ နာရီက (၁၅) ဦးနှင့် ယနေ့ မွန်းလွဲ ၃ နာရီက (၂)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၇) ဦးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၇) ဦးမှာ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁၃)ဦးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ (၃)ဦး၊ ဟိုပန်မြို့နယ်မှ(၁)ဦးနှင့် လောက်ကိုင် မြို့နယ်မှ (၁၁)ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၈၁၈၁)ဦးနှင့် အမျိုးသမီး (၆၅၇၂)ဦးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၇၅၃)ဦးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


