မိတ္ထီလာ ၃၀ ဩဂုတ်                                                                                                          

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ နှင့် အဖွဲ့သည် ယမန်နေ့က သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ မိတ္ထီလာမြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုအမှူဆောင်များနှင့်တွေ့ဆုံ၍ ထုတ်လုပ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊  စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များမှ အရည်အသွေးမီ သွင်းအားစုပစ္စည်းများ ရောင်းချနိုင်ရေး၊ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများ ပီပြင်စွာဆောင်ရွက်နိုင်ရေး၊ Daedong လယ်ယာသုံးစက် ကိရိယာများကို  သက်သာသော ဈေးနှုန်းဖြင့် အမြန်ဆုံးရောင်းချနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

မြို့နယ်သမဝါယမ အသင်းစုမှ စိုက်ပျိုးရေးသုံး သွင်းအားစုများကို အသင်းသားတောင်သူများထံသို့ လယ်ယာ လုပ်ငန်းခွင်ရောက်၊ အရစ်ကျစနစ်၊ အဟောင်းပေးအသစ်ယူစနစ်တို့ဖြင့် စေျးနှုန်းသက်သာစွာ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

MDN