သံဖြူဇရပ် ၃၀ ဩဂုတ်

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီအတွက် ကမ်းဝေးငါးဖမ်း ရေယာဉ်ပိုင်ရှင်များနှင့် ရေယာဉ်မှူးများ လိုက်နာရမည့် ညွှန်ကြားချက်အမှတ်-(၅/၂၀၂၀)နှင့် ကမ်းနီးနှင့် ကမ်းဝေးငါးလုပ်ငန်းရေပြင် သတ်မှတ်မျဉ်းပြရေပုံအား ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံက် ၁၁:၀၀ နာရီက သံဖြူဇရပ် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် COVID- 19 လမ်းညွှန်ချက်များနှင့်အညီ ယနေ့ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးမှ ပြည်ထောင်စုဝန်ကြီး၏ မိန်ခွန်းပါကောက်နုတ်ချက်များနှင့် ညွှန်ကြားရေးမှူးချုပ်၏ မိန့်ခွန်းပါ ကောက်နုတ်ချက်များအား ရှင်းလင်းတင်ပြလျက် ညွှန်ကြားချက်များ ကမ်နီးကမ်းဝေး ငါးလုပ်ငန်းရေပြင်နယ်နမိတ်၊ အဓိက မွန်ပြည်နယ်ငါးဖမ်း ကွက်အတွင်းရှိ ကမ်းနီးကမ်းဝေး ငါးလုပ်ငန်းရေပြင်ဧရိယာ သတ်မှတ်ထားရှိမူနှင့် ငါးဖမ်း လှေတိုင်းတွင် အဆိုပါရေပုံများကို ဆလင်ခန်းတွင် ကပ်ထားရှိရေးတို့ကို ရှင်းလင်းတင်ပြပါသည်။

 

အဆိုပါရှင်းလင်းပွဲသို့ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရေးနှင့်သံဖြူဇရပ် မြို့နယ်များမှ လှေပိုင်ရှင်ကိုယ်စားလှယ်များ၊ ရေလုပ်သားကိုယ်စားလှယ်များ၊ VMS ကုမ္ပဏီ ကိုယ်စားလှယ်နှင့် သံဖြူဇရပ်နှင့် ရေးမြိုနယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားချက်များ​၊ ရေပုံများအား တစ်ဦးချင်းစီသို့ ဖြန့်ဝေ​ပေးအပ်ခဲ့ ပါကြောင်းနှင့် လှေတစ်စီးလျှင် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်း ကိရိယာတစ်ခုစီ တပ်ဆင်ပေးနိုင်ရေး အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပါကြောင်း သိရသည်။

MDN