မကေွး  ၃၀ ဩဂုတ်

မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီ မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို မကွေးမြို့၊ နန်းထိုက်သူဟိုတယ်ရှေ့ ဧရာဝတီမြစ်ကမ်းစပ်မှာ ငါးသားပေါက်အကောင်ရေ (၃)သိန်းကျော် စိုက်ထည့်ခဲ့ခြင်း အခမ်းအနားကို မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ရွှေနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်၍ မျိုးစိုက် ထည့်ပေးခဲ့ကြပါသည်။ ထို့နောက် မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင်မြင့်၊ တောင်တွင်ကြီး ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးကျော်စွာဝင်တို့နှင့် ဝန်ထမ်းများသည် ငါးသားပေါက် များကို ဧရာဝတီမြစ်အတွင်း ငါးနေ၊ ငါးထိုင်ကောင်းသောနေရာများသို့ ရေလုပ်သားများနှင့်အတူ မျိုးစိုက်ထည့်ခဲ့ပါကြောင်း သိရသည်။

MDN