မတ္တရာ   ၃၀  ဩဂုတ်

 

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ မရှိကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင်  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လက်သန့်ဆေးများထားရှိမှု လက်ဆေးဘေစင် ဆောင်ရွက်ထားရှိမှု၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စားပွဲများတွင် အကာအရံထားရှိမှု၊ အစားအသောက် ရောင်းချသူများ၊ ဆိုင်ဝန်ထမ်းများ Mask တပ်ဆင်ကြရန် စစ်ဆေးအသိပညာပေးခဲ့ပြီး လိုအပ်ချက်ရှိသော ဆိုင်များအား ပထမအကြိမ် သတိပေးလက်မှတ်ရေးထိုးစေခဲ့ပြီး ထပ်မံလိုက်နာခြင်း မရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေး ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)