နေပြည်တော်  ၃၀  ဩဂုတ်

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ အနီးတစ်ဝိုက်ရှိ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃ ဧကခန့်၊ အမြင့် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၂ ဧက ခန့် စုစုပေါင်း ဘိန်းစိုက်ခင်း ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)