ဘောလခဲ  ၃၀  သြဂုတ်

 

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင်း မိုက်စလောင်းတောင်စခန်းအနီး ဘောလခဲဘက် အဆင်းကွေ့တွင် ယနေ့ညနေပိုင်း ၄ နာရီက ခဲရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျခြင်း ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးမှာ ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် လူနာများအား ထာဝရတွဲလက်များ ပရဟိတအဖွဲ့ကားဖြင့် ဘောလခဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ ကားမှာ လွိုင်ကော်ဘက်မှ ဘောလခဲ မိုင်းထမ်းကျေးရွာဘက်သို့ နှမ်းခုတ်ရန် မောင်းနှင်လာစဉ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကိုဝေလှိုင်မိုး၊ မိုးဇက်  နှင့် ကိုကျော်ဝင်းဇင် တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

လှရွှေ