ရွှေသောင်ယံ ၃၁  ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အတွင်းရှိ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့ တို့တွင် သြဂုတ် ၂၉ ရက် ည ၁၁ နာရီမှစတင်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား စတင် သုံးစွဲခွင့်ရပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၄ နာရီ လျှပ်စစ် ဓာတ်အားရရှိအောင် ဆောင်ရွက်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် 11/KV ဓာတ်အားလိုင်း၊ 400V ဓာတ်အားလိုင်းများ၊ 11/0.4kV ထရန်စဖော်မာများ တည်ဆောက် ခြင်း၊ ချောင်းသာမြို့၌ ၂၀၁၈-၂၀၁၉ ပြည်ထောင်စုရန်ပုံငွေဖြင့် 66/11KV (20)MVA ဓာတ်အားခွဲရုံတည်ဆောက် ခြင်းနှင့် ငွေဆောင်နှင့် ချောင်းသာ 66KVဓာတ်အားလိုင်း ၁၂ ဒသမ ၃၆ မိုင် တည်ဆောက်မှု၌ မြေပြင်သီးနှံ လျော်ကြေး၊ မြေယာ လျော်ကြေး ပြဿနာများကြောင့် ယခင်သတ်မှတ် ကာလထက် ဓာတ်အားဖြန့်ဝေနိုင်မှု လုပ်ငန်း အနည်းငယ်ကြန့်ကြာခဲ့ ရခြင်းဖြစ်ကြောင်း၊ သို့သော် ယခု အချိန်တွင် မြေပြင်အခက်အခဲများ အားလုံး ညှိနှိုင်းပြီးစီးပြီဖြစ်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား ကို ပြည်သူများ သုံးစွဲနိုင်အောင် ဖြန့်ဖြူးပေးရသည်။ ကိုအားကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။

ယခင်က လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းသာ သုံးစွဲခွင့်ရခဲ့ရာမှ ယခုလိုလျှပ်စစ်မီးကို ၂၄ နာရီအပြည့် သုံးစွဲခွင့် ရရှိမှုအပေါ် ဝမ်းသာပီတိ ဖြစ်ရကြောင်း ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)