၃၁ ဩဂုတ်
ပြည်ထောင်စု၏ မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ ပြည်ထောင်စုနှင့် သက်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ မည်သည့်နေရာတွင် နာကျင်သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး နာကျင်ခြင်းဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်မှုကို ချဉ်းကပ်ပါကြောင်း၊ မည်သည့်နေရာဟု ခွဲခြားခြင်း မရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများသည် မြဝတီဘက်မှ ပြန်လည်ဝင်ရောက်လာမှု အများဆုံးဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ဟုဆိုသော်လည်း ကရင်ပြည်နယ် ပြည်သူလူထုက ယင်းကိစ္စကို ခွဲခြားရပ်တည်ဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပြည်သူများ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်ဆိုပြီး အားလုံးက တတ်အားသမျှ ဝိုင်းဝန်းကူညီကြပါကြောင်း၊ ၎င်းတို့အတွက် အတိုင်းအတာတစ်ခုအထိ စိုးရိမ်စိတ်နှင့် အခက်အခဲများ ရှိသော်လည်း ယင်းကိစ္စများကို အားလုံး ကျော်လွှားနိုင်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။
(Coronavirus Disease2015(covD-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဩဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး သတင်းမှ ကောက်နုတ်ချက်)


