၃၁  ဩဂုတ်

ယခုအချိန်သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် မိမိတို့ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဦးတည်လုပ်ဆောင်နေပါကြောင်း၊ ထို့ပြင် ယခုအချိန်သည် အမှန်တကယ် စည်းလုံး ညီညွတ်ရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ လာမည့်ရက်သတ္တ ၃ ပတ်၊ ၄ ပတ်အတွင်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မည်ဆိုပါက ကိုဗစ်ရောဂါပြန့်ပွားမှုအတွက် စိတ်သက်သာရာရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုရက်သတ္တ ၃ ပတ်၊ ၄ ပတ်အတွင်း အားလုံး စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာရန် များစွာအရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ကြမည်ဟုလည်း မိမိတို့ မျှော်လင့်ပါကြောင်း၊ ယင်းသည် ရေရှည်အတွက် များစွာကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ မေတ္တာထားမှု၊ ယုံကြည်အားကိုးမှုများ ရှိလာကြမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့်ကိစ္စများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဩဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)