စဉ့်ကိုင် ၃၁ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီး မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်သည် တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး၊ ဒု-အင်ဂျင်နီယာမှူး ဦးအောင်နိုင်ဦးတို့နှင့်အတူ စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်း လမ်းလယ်ကျွန်းတွင် ခေတ်မီလမ်းမီးတိုင် DOUBLE - ARMS များ ထပ်မံတပ်ဆင်နေမှုကို သြဂုတ် ၃၀ ရက် ညနေ ၅ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ LED (80)W မီးလုံးနှင့် SINGLE ARMS (၇၅)စုံ ပေးအပ်လှူဒါန်းပွဲကို မြို့နယ်စည်ပင်သာယာရေးကော်မတီခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရွှေခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က LED (80)W မီးလုံးနှင့် SINGLE ARMS (၇၅)ခုအား ပေးအပ်လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးရွှေခိုင်နှင့် အမှုဆောင်အရာရှိ ဦးလှ၀င်းတို့က လက်ခံရယူခဲ့သည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းဝင်းသန်း (စဉ့်ကိုင် ပြန်/ဆက်)