နတ်မောက် ၃၁ ဩဂုတ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာ (၇)ရွာတွင် NEP Phase -1 လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာအသီးသီး၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလျှပ်စစ်မီးဖွင့်လှစ်သည့် ကျေးရွာများမှာ ဈေးသာကျေးရွာ NEP Phase -1  လျှပ်စစ်ထရန်စဖော်မာ 200 KVA (၁)လုံး၊ အင်းကုန်း(တ)ကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ အင်းကုန်း(မ)ကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ အိုးဘိုကျေးရွာ  ထရန်စဖော်မာ 200 KVA (၁)လုံး၊ လက်ပံတုန်းကျေးရွာ ထရန်စဖော်မာ 200 KVA (၁)လုံး၊ ဘူတာကျေးရွာ ထရန်စဖော်မာ 200 KVA (၂)လုံးနှင့် န-ကျားထူးကျေးရွာ ထရန်စဖော်မာ 200 KVA (၂)လုံး စုစုပေါင်း (၉)လုံးတို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် သယံဇာတ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် ဒုတိယတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်ငြိမ်းတို့က ကျေးရွာအသီးသီး၌ လျှပ်စစ်မီးဖွင့်ပွဲကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ကျေးရွာတစ်ရွာချင်းအလိုက် PPE ဝတ်စုံများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက် ပြန်/ဆက်)