ဝန်းသို ၃၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် Covid-19 လမ်းညွှန်ချက်နှင့်အညီ မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ၄၈၅ သိန်း ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ပေကုန်းအောင်ချမ်းသာ ဘုန်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးတွင်းကာလ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အသိပညာများ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးရန်နိုင်ထွန်းက စပါးစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ ထည့်သွင်းကျဲပက်နည်း၊ မြေဆီထိန်းသိမ်းပုံအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထိုသို့ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ချေးယူသူလက်ဝယ်အရောက် ချေးငွေထုတ်ချေးပေးရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၅၈)ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ(၄၇)ဦး၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်ရန် (၁၀)ဦးတို့ကို ကျပ် (၄၈၅)သိန်း ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


