၃၁ ဩဂုတ်
ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် လုံခြုံရေး အာဏာပိုင်များက ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယမန်နေ့က ဆန္ဒပြသူများသည် နိုင်ငံတစ်ဝန်းရှိ လမ်းမများပေါ်တက်ပြီး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။
ဩဂုတ်လ ၉ ရက်နေ့က သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးနောက် သီတင်းပတ် သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် နောက်ဆုံး ဆန္ဒပြပွဲ ဖြစ်သည်။
ထိုရွေးကောက်ပွဲတွင် လူကာရှန်ကို အနိုင်ရရှိခဲ့သော်လည်း ၎င်း၏ပြိုင်ဘက်များကမူ ထိုရွေးကောက်ပွဲသည် အကြံအဖန်သာ ဖြစ်သည်ဟု ဆိုသည်။
လူကာရှန်ကို၏ အသက် ၆၆ နှစ်ပြည့် မွေးနေ့ဖြစ်သော တနင်္ဂနွေနေ့တွင် မစ်ခ်မြို့တော်တွင် ဆန္ဒပြသူ ၁၀၀၀၀၀ ခန့် စုဝေးခဲ့ကြသည်။
သမ္မတ၏မွေးနေ့ပွဲကို ဆန္ဒပြသူများက ၎င်းရာထူးမှ နုတ်ထွက်ပြီးမှသာ ကျင်းပရမည်ဟု ဆိုကာ လမ်းများပေါ်တက်ပြီး အော်ဟစ်နေကြသည်။
ထိုဆန္ဒပြပွဲသည် ခွင့်ပြုချက်မရှိပဲ ဆန္ဒပြခြင်း ဖြစ်ပြီး ဆန္ဒပြသူများကို ဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေကြောင်း လုံခြုံရေး အာဏာပိုင်များက ပြောကြားသည်။
ဘီလာရုစ် ပြည်ထဲရေးဝန်ကြီဌာနက ယခုအချိန်ထိ ဆန္ဒပြသူ ၁၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို