မော်လမြိုင်ကျွန်း ၃၁ ဩဂုတ်

 

မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက် နိုင်တော့မည့် စော်ကဲတံတားသစ်ကြီး တည်ဆောက်ပြီးစီးနေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေနှင့်အဖွဲ့မှ ယနေ့ နံနက် ၁ဝ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

တံတားသစ်ပြီးစီးနေမှုနှင့်ပတ်သက်ပြီး တံတားသစ်တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်ဟိန်းအောင်မှ လုပ်ငန်းများတင်ပြဆွေးနွေးပြီး လိုအပ်သည်များကို ပြန်လည် ဆွေးနွေး ညှိနှိုင်းကြသည်။

 

mdn

 

အဆိုပါ စော်ကဲတံတားသစ်ကြီးအား တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး လမ်းအမှတ်(၁၀)၊ ဘိုကလေး- မော်လမြိုင်ကျွန်း- ကျုံမငေး- ဝါးခယ်မ- မြောင်းမြလမ်း မိုင်တိုင်အမှတ်(၁၇/ဝ)တို့အား ဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန် ၂ နာရီခန့်ဖြင့် အချိန်တိုအတွင်း ကူးလူးဆက်သွယ် သွားလာနိုင်တော့မည်ဖြစ်သည်။

 

စော်ကဲမြစ်ကူးတံတားကြီးသည် အရှည် ၇၅၀ မီတာ၊ အကျယ် ၉ ဒသမ ၅ မီတာရှိပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်တည်ဆောက်ခဲ့ကာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၆ ရာခိုင်နှုန်းရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၃ဝ ရက်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သီတာအောင်(ပြန်/ဆက်)