ဟိုပုံး  ၃၁  ဩဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

           

ဟိုပုံးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများ မှ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ အင်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ အာခါတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ ကယန်းတိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၆၂)ဦးရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား ကြေညာပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

           

ဟိုပုံးမြို့နယ်တွင်  ရက်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း (၂၉၂)ရွာ အတွက် မဲရုံ(၈၀)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၇၈၁၄၆)ဦးရှိကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)