လေရှီး ၃၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အောက်ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ခြင်းကို လေရှီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၂၆၂ ဦးနှင့် အသက်နှစ်နှစ် အောက်ကလေး ၈၁၉ ဦးကို ဧပြီ၊ မေ၊ ဇွန်လအတွင်း တစ်လလျှင် တစ်ဦးကို ငွေကျပ် တစ်သောင်းနှုန်းနှင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွက် ကိုယ်ဝန်ဆောင်မိခင် ၃၄၈ ဦးနှင့် အသက်နှစ်နှစ်အောက်ကလေး ၇၅၃ ဦးကို တစ်လလျှင် တစ်ဦးကို ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)


