ရန်ကုန်  ၃၁  ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က ပြည်သူများသိရှိလေ့လာနိုင်စေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

 

တာမွေမြို့နယ်တွင် မဲရုံပေါင်း (၁၂၃)ရုံရှိပြီး  ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၁၁၇၀၃၆) ဦးထိရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာအတွက် (၇)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)နေရာအတွက် (၆)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)နေရာအတွက် (၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)နေရာ အတွက် (၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၇)ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၆)ဦး စုစုပေါင်း (၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)