ချီဖွေ  ၃၁  သြဂုတ်

 

ကချင်ပြည်နယ် ချီဖွေမြို့နယ်မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကပ်ထားကြေညာထားကြောင်း သိရသည်။

 

ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉) ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း (၄)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း (၅)ဦးနှင့် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ ရဝမ် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ  လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို  ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ဘုတ်တွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

 

နန်းမြင့်(မြို့နယ်ပြန်/ဆက်)