မြဝတီ ၃၁ သြဂုတ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့နှင့် အဖွဲ့ခွဲဝင်များပူးပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၅ ရက်ကွက်သို့ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အတွက် ရပ်ကွက်ကော်မရှင်အဖွဲ့နှင့်အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ဆေးကဒ်ပြား မှန်ကန်မှု ရှိ/မရှိ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းပါ အချက်အလက်များ မှန်ကန်မှုရှိစေရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


