ပွင့်ဖြူ   ၃၁ ဩဂုတ်      

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့မှ စတင်ကာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးနှင့် တိုင်းရးသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများမှ  ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအား နိုင်ငံရေးပါတီ (၁၁)ခုမှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

 

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိပြီး မဲဆန္ဒနယ်မြေ (၁)တွင် မဲရုံ(၈၆)ရုံ ၊ မဲဆန္ဒနယ်မြေ(၂)တွင် မဲရုံ(၇၄)ရုံ စုစုပေါင်း မဲရုံ ၁၆၀ စီစဉ်ဆောင်ရွက်ထားရှိကာ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ဦးရေပေါင်း ၁၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

 

ရဲဝင်းနိုင် (ပြန်/ဆက် )