ကလေးဝ  ၃၁  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

 

ကလေးဝမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်သည်။

           

ကလေးဝမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာ ရှိပြီး မဲရုံ ပေါင်း ၆၉ ရုံထားရှိကာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၂၁၆၇၂ ဦး၊ မ ၂၂၄၄၃ ဦး စုစုပေါင်း ၄၄၁၁၅ ဦးရှိပြီး ကြောင်းသိရသည်။

 

 

သက်ဟန်(ကလေးဝ)