ရွှေဘို ၃၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရွှေဘို- မြစ်ကြီးနားသွားကားလမ်း ရွှေဘိုနှင့် ခင်ဦးနယ်စပ်ရှိ မိုင်တိုင်အမှတ် ၈/ ၅ တံတားအမှတ် ၂/၁၄ ကိုးပင်ချောင်းတံတား ချဉ်းကပ်လမ်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ထူးပေါက်ပြီး ပျက်စီးနေမှုကို သြဂုတ် ၃၁ ရက် ညနေပိုင်းက လာရောက်ကြည့်ရှု့၍ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ကိုးပင်ချောင်းတံတားမြောက်ဘက် တောတိုက်အတွင်း သစ်ပင်ပေါ်မှ အသက် (၁၂) နှစ် အရွယ်ကလေး(ကျား) တစ်ဦးနှင့် အသက် (၈) နှစ် အရွယ်ကလေး(မ) တစ်ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်ဌေးက ပြောသည်။
ကိုးပင်တံတားချဉ်းကပ်လမ်းပျက်ဆီး၍ ပြုပြင်နေမှုကို ရွှေဘိုခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကိုကိုအောင် ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့်ပြည်သူများ ပူးပေါင်း၍ ပြုပြင်နေကြောင်း သိရသည်၊ ချဉ်းကပ်လမ်း ထူးပေါက်၍ ပြုပြင်နေသည့်အတွက် ယာဉ်အသွားအလာများ ခေတ္တရပ်နားထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


