ချင်းရွှေဟော်   ၃၁  ဩဂုတ်

 

ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီက ၃ ဉီးနှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲက ၅ ဉီး   စုစုပေါင်း နေရပ်ပြန်ပြည်သူ ၈ ဉီး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၈)ဉီးမှာ အမျိုးသား (၄)ဉီး၊ အမျိုးသမီး (၄)ဉီးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်မှ (၂)ဉီး၊  မကွေးတိုင်းဒေသကြီး၊  အောင်လံမြို့နယ်မှ (၁)ဉီး၊  မြို့သစ်မြို့နယ်မှ (၂)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ (၁)ဉီး၊ နမ္မတူမြို့နယ်မှ (၁)ဉီးနှင့် ကွမ်းလုံမြို့နယ်မှ (၁)ဉီးတို့ဖြစ်ကြောင်း သိရသည်။

 

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များသို့  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၈၁၈၅ ဉီးနှင့် အမျိုးသမီး ၆၅၇၆ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၄၇၆၁ ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)