နေပြည်တော်  ၃၁  ဩဂုတ်

 

ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေ ၄ နာရီက ရုံးအမှတ် ၂၁ တွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

 

 

mdn

 

 

ဂျပန်နိုင်ငံအစိုးရအကူအညီဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ မာန်အောင်၊ ပေါက်တော၊ မောင်တောနှင့် မြေပုံမြို့နယ်များတွင် တည်ဆောက်ခဲ့သော ကျောင်း ၁၅ ကျောင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)