၁ စက်တင်ဘာ

 

 

ဟောင်ကောင်မှာ နေထိုင်တဲ့ လူဦးရေ ၇.၅ သန်းကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း အစီအစဉ်ကို ဒီနေ့(အင်္ဂါနေ့) မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

 

 

ဇွန်လကုန်ပိုင်းက ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုး တတိယလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဗိုင်းရပ်စ်ပိုး လာရောက် စစ်ဆေးချင်တဲ့ သူတိုင်းကို  အခမဲ့ ဆောင်ရွက်ပေးမှာလို့ သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးရာတွင် တရုတ်ပြည်မကြီးထဲ ကျန်းမာရေး ဝန်ထမ်းတွေက လာရောက် လုပ်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

 

 

ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးသမားနဲ့ လွှတ်တော်အမတ်တွေနဲ့အတူ ဂျော့ရှ် ဝေါင်း အပါအဝင် နိုင်ငံရဲ့ တက်ကြွသူတွေက DNA စုဆောင်းသလိုမျိုး ဖြစ်မှာကို စိုးရိမ်ကြောင်း ပြောဆိုပြီး ဗိုင်းရပ်စ်ပိုး မစစ်ဆေးဖို့ ပြောဆိုနေပါတယ်။

 

 

ဒီနေ့စတင်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးရန်အတွက် ပြီးခဲ့တဲ့ စနေနေ့ကစပြီး မှတ်ပုံတင် တဲ့ လူပေါင်း ၅၁၀,၀၀၀ ရှိကြောင်း သိရပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ လူပေါင်း ၁၀,၀၀၀ လောက် ဗိုင်းရပ်စ်ပိုး စစ်ဆေးပြီးကြောင်း၊ အဲဒီစစ်ဆေးခံသူတွေထဲမှာ ဝန်ကြီးတွေ ပါဝင်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ပြောပါတယ်။

 

 

ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၄,၈၀၀ ကျော်ရှိပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းဟာ ဇူလိုင်လက ကူးစက်ခံရတယ်လို့ သိရပါတယ်။ တတိယလှိုင်း ရိုက်ခတ်မှုရဲ့ အမြင့်ဆုံး အချိန်ဖြစ်တဲ့ ဇူလိုင်လကုန်ပိုင်းက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်ရက်ကို ၁၅၀ နီးပါး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား-AFP

mdn