(၁-၉-၂၀၂၀ ရက်၊ ဆိုးလ်မြို့)
COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊ ဆိုးလ်မြို့သည် နိုင်ငံအရပ်ရပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် ၁-၉-၂၀၂၀ ရက်တွင် (၂၀) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးခဲ့ပါသည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၅၀ နာရီတွင် ထွက်ခွာခဲ့ပြီး ဆွစ်ဇာလန်မှ (၁) ဦး၊ ဘယ်လ်ဂျီယံမှ (၂) ဦး၊ ဘရာဇီးလ်မှ (၃) ဦး၊ ကနေဒါမှ (၃) ဦး၊ ပြင်သစ်မှ (၃) ဦး၊ အင်ဒိုနီးရှားမှ (၃) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အီတလီမှ (၄) ဦး၊ နော်ဝေမှ (၃) ဦး၊ တောင်အာဖရိကမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၂၂) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၅၂) ဦး စုစုပေါင်း (၁၀၂) ဦး စီးနင်းလိုက်ပါခဲ့ပါသည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်၌ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးဆောင်သော သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


