ကြည့်မြင်တိုင် ၂ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိနိုင်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်တင်ဘာ ၂ ရက် နံနက်၇နာရီက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်ရှိ ထီးတန်းဈေးအတွင်း၌ နှာခေါင်းစည်းများကိုအခမဲ့ လိုက်လံဝေငှပေးခဲ့ကြသည်။
နှာခေါင်းစည်းများ ဝေငှရာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၀င် (၁၁) ဦးမင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် တို့က ဦးဆောင်၍ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးကော်မတီဥက္ကဌ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်၀င်းနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတို့မှ တာ၀န်ရှိသူများ၊ ပရဟိတလူမှုရေး အဖွဲ့၀င်များက ပူးပေါင်း၍နှာခေါင်းစည်းများကို လိုက်လံဝေငှကြကြောင်း သိရသည်။
တင်၀င်းလေး(ကြည့်မြင်တိုင်)


