ကော့ကရိတ်  ၂   စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကော့ကရိတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊  အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို ဩဂုတ် ၃၀ ရက်မှစတင်၍  မြို့နယ်ကော်မရှင်ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

ကော့ကရိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် (၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂)တွင် (၆)ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)တွင် (၆)ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် (၆)ဦး ၊ ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် (၁၀)ဦး၊ မွန်တိုင်းရင်းသားကိုယ်စားလှယ်(၈)ဉီး၊ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် (၉)ဦး   စုစုပေါင်း ကိုယ်စားလှယ်လောင်း(၅၆)ဦး ရှိကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)