ဂန့်ဂေါ  ၂   စက်တင်ဘာ

 

နေရပ်ပြန်များကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် အသွားအလာကန့်သတ်သည့်နေရာ အဖြစ် ထားရှိရာမှ ပိုမိုကျယ်ပြန့်စွာနေထိုင်နိုင်ရန်  ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ သာသနာ့ရိပ်သာတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ထားရှိကြောင်း သိရသည်။

 

အဆိုပါထားရှိရာနေရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် မြို့နယ်အဆင့်ကော်မတီဝင်များတို့က ယမန်နေ့ မွန်းလွဲပိုင်းက Mask (၃)ဘူးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ ထောက်ပံ့လှူဒါန်းခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါသာသနာ့ရိပ်သာမှာ လက်ရှိ၌ နေရပ်ပြန်(၅၂)ဦးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတို့က နေရပ်ပြန်များစားဝတ်နေရေး အပါအဝင် လုပ်ငန်းလိုအပ်သည်များအား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)