တီးတိန်   ၂   စက်တင်ဘာ    

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကူးစက်ပြန့်ပွားမှု မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ တီးတိန်မြို့နယ်ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နှာခေါင်းစည်းများသည် ပြန်လျှော်လို့ရသည့် ပိတ်စနှာခေါင်းစည်းများဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်သည်။

 

ထိုသို့ဖြန့်ဝေရာတွင် တီးတိန်မြို့လူငယ်စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့မှ တာဝန်ယူပြီး ပြည်သူများထံသို့ နှာခေါင်းစည်း ၃၅၀၀ ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း လူငယ်အဖွဲ့ခေါင်းဆောင် ဦးထောင်းရှန်းတုန်း ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)