၂ စက်တင်ဘာ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုရာပြည်နယ် ဝန်ကြီးချုပ် ပရာမို့ဒ် ဆာဝတ် က ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း ပြောကြားခဲ့သည်။
ဆာဝတ်က ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရန် ၎င်းနှင့် အနီးကပ် ထိတွေ့သူများကို သီးခြား ခွဲနေကြရန် တောင်းဆိုခဲ့သည်။
ဆာဝတ်သည် ၎င်း၌ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် နေအိမ်မှာပင် သီးခြားခွဲနေထိုင်ကြောင်းနှင့် ရောဂါလက္ခဏာ မပြကြောင်း ပြောကြားခဲ့သည်။
အလုပ် တာဝန်များကို နေအိမ်မှပင် ဆက်လက် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။
၎င်းနှင့် အနီးကပ် ထိတွေ့သူများကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန် ၎င်း၏တွစ်တာတွင် ရေးသား တိုက်တွန်းထားသည်။
အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၈၃၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၄၅ ဦး ရှိသည်။
နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း ၃၇၆၉၅၂၃ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၆၃၃၃ ဦး ရှိသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရမှု အဆိုးရွားဆုံး နိုင်ငံများအနက် တတိယမြောက်နိုင်ငံ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို