၂ စက်တင်ဘာ

 

 

မော်လ်ဒိုက်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၀ဝ၀ ကျော် ရှိလာကြောင်း ကျန်းမာရေး ကာကွယ်စောင့်ရှောက်အဖွဲ့(HPA)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

ယမန်နေ့က ထပ်မံကူးစက်ခံရသူ ၁၉၉ ဦး ရှိကြောင်း၊ ၎င်းကူးစက်ခံရသူများအနက် ၁၄၅ ဦးမှာ မော်လ်ဒိုက် နိုင်ငံသားများဖြစ်ပြီး ၅၄ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်းနှင့် ကူးစက်ခံရသူ စုစုပေါင်း ၈၀ဝ၃ ဦး ထိ မြင့်တက်လာသည်ဟု HPA က အတည်ပြုထားသည်။

 

 

အပန်းဖြေစခန်း ၁၆ ခုနှင့် လူနေထိုင်ရာကျွန်း ၄၁ ခုတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀၉ ဦးရှှိပြီး  ၁၆၂ ဦးမှာ ဆေးရုံတက် ကုသမှုခံယူခဲ့သည်။

 

 

ဇူလိုင် ၁၅ ရက်နေ့တွင် ခရီးသွားများအတွက် နယ်စပ်ဒေသကို ဖွင့်လှစ်ခဲ့သဖြင့် ကူးစက်မှု မြင့်မားလာပြီး ကူးစက်မှု ဒုတိယလှိုင်းနှင့် ကြုံတွေ့နေရသည်။ အဆိုပါ ကူးစက်ခံရသူများထဲတွင် ခရီးသွား ၁၆ ဦးနှင့် ဝန်ထမ်း ၂၉ ဦးတို့ပါဝင်သည်။

 

 

ကျန်းမာရေး တာဝန်ရှိသူများနှင့် နိုင်ငံရေး အာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားကာ ကူးစက်မှု ပိုမိုမြင့်မားလာခြင်းသည် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ချမှတ်ဖို့ဖြစ်လာနိုင်သည်ဟူသော သတိပေးစကား ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို