၂ စက်တင်ဘာ

 

 

ဩစတြေးလျနိုင်ငံရဲ့ စီးပွားရေးဟာ နှစ် ၃၀ အတွင်း အဆိုးဆုံး ကျဆင်းမှု ဖြစ်လာကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ဒုတိယ သုံးလပတ်ဟာ ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရဲ့ စီးပွားရေးဟာ ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

 

 

နိုင်ငံရဲ့စီးပွားရေး ကျဆင်းမှုဟာ ၁၉၅၉ နှစ်နောက်ပိုင်း အကြီးအကျယ် ကျဆင်းမှု ဖြစ်ပါတယ်။

 

 

ဘဏ္ဍာရေးဝန်ကြီး ဂျော့ ဖရိုင်းဒန်ဘတ်ခ်က COVID-19 ဗိုင်းရပ်စ်ပိုးဟာ ဩစတြေးလျရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့တယ်။ နှစ်ပေါင်း ၂၈ အတွင်းမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ မှတ်တမ်းတင်လောက်အောင် အထိ ထိခိုက်ကြောင်း၊ အဲဒီကပ်ရောဂါပိုးဟာလည်း နှစ်တစ်ရာမှာ တစ်ခါပဲ တွေ့ရတဲ့ ရောဂါပိုးဖြစ်ကြောင်း ပြောပါတယ်။

 

 

လူဦးရေ ၂၅ သန်းနေထိုင်တဲ့ ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၆,၀၀၀ ဦး နီးပါးရှိပြီး ၆၆၃ ဦး သေဆုံးကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများစုဟာ ဇူလိုင်လ ကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။

 

 

နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန်အတွက် ပိတ်ထားဆဲဖြစ်ရာ ခရီးသွား လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေပါ ထိခိုက်နေတာကို တွေ့ရပါတယ်။

 

 

နိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေဟာ ၂၀၁၉ ဒီဇင်ဘာလမှာ ၉.၃ ရာခိုင်နှုန်းအထိ တိုးသွားကြောင်းနဲ့ နိုင်ငံရဲ့ ထုတ်ကုန် ကျဆင်းမှုဟာ ၂၀၂၁ နှစ် နှစ်လယ်ပိုင်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းထားခြင်းအားဖြင့် ဇွန်လ နောက်ပိုင်းရှိတဲ့ အနာဂတ်မှာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် လည်ပတ်နိုင်မယ်။ ဆက်သွားရမယ့် လမ်းက ရှည်မယ်။ ကြမ်းတမ်းမယ်။ အနိမ့်အမြင့် တွေလည်း ရှိနေမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျော့ ဖရိုင်းဒန်ဘတ်ခ် က ပြောပါတယ်။

 

 

MDN

ကိုးကား - AFP

mdn