၂ စက်တင်ဘာ

 

 

တောင်ကိုရီးယား နိုင်ငံက အဓိက အတိုက်အခံ ပါတီကြီးဟာ သုံးနှစ်အတွင်း လေးကြိမ်မြောက် နာမည်ပြောင်းခြင်းကို ဒီကနေ့ လုပ်ဆောင်ခဲ့ပါတယ်။

 

 

ရွေးကောက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းလဲထားတဲ့ အတိုက်အခံ ပါတီရဲ့ နာမည်ကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ထပ်မံပြောင်းတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလက အတိုက်အခံ ပါတီရဲ့ နာမည် United Future Party (UFP)ကို ခေါ်တွင်ရာမှ  ၇ လ အတွင်းမှာ People's Power Party လို့ ပြောင်းလဲ လိုက်တာဖြစ်ပါတယ်။

 

 

အတိုက်ခံ ပါတီခေါင်းဆောင် ကင်ချောင်အင်းက လူထုရဲ့ ယုံကြည်မှုကို ရရှိအောင် အဓိက မဏ္ဍိုင်ကြီး ဖြစ်လာစေရေးနဲ့ ပါတီမှာ အာဏာရှိတဲ့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောင်းလဲတာလို့ ပြောပါတယ်။

 

 

အတိုက်အခံ ပါတီဟာ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ပတ်ဂျောင်ဟေး လက်ထက်မှာ Saenuri အမည်နဲ့ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ  Liberty Korea  ဆိုပြီး ပါတီနာမည်ကို ပြောင်းလဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ UFP ဟာ အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ် နေရာ ၃၀၀ မှာ ၁၀၃ နေရာသာ အနိုင်ရ ရှိခဲ့ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က UFP ပါတီကို ထောက်ခံသူ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ပါတီကိုထောက်ခံသူ ၃၀.၁ ရာခိုင်နှုန်းသာ ရှိနေချိန်မှာ သမ္မတ မွန်ဂျီအင်းရဲ့ Democratic Party ပါတီကို ထောက်ခံသူ ၄၀.၄ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn