ရန်ကုန် ၂ စက်တင်ဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ကျင်းပသည်။

 

အဆိုပါ အဝတ်နှာခေါင်းစည်း ချုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  ကြက်ခြေနီစေတနာလုပ်အားရှင်များအား  ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းအောင်(MRCS)

မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

mdn